-
၁။ ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ စိစစ်ပြီး ဖြစ်သော -
- (က) ပင်မဓာတ်အားခွဲရုံ (Primary Substation) ရှိ Main Transformer ၏ Voltage Ratio ၊ Install Capacity နှင့် အများဆုံးဝန်အား။
- (ခ) ပင်မဓာတ်အားခွဲရုံ (Primary Substation) မှ ပေးပို့ထားသော Feeder ၏ Voltage ၊ C.T Ratio ၊ အများဆုံးဝန်အား၊ ကြိုးအရွယ်အစား၊ လိုင်းအရှည်မိုင်။
- (ဂ) ထပ်ဆင့်ဓာတ်အားခွဲရုံ (Secondary Substation) ရှိ Main Transformer ၏ Voltage Ratio ၊ Install Capacity ၊ C.T Ratio နှင့် အများဆုံးဝန်အား။
- (ဃ) ထပ်ဆင့်ဓာတ်အားခွဲရုံတစ်ရုံ နှင့် တစ်ရုံ (ဥပမာ-66/33kVခွဲရုံနှင့် 33/11kV ခွဲရုံ) ကြား Feeder ၏ Voltage ၊ C.T Ratio ၊ အများဆုံး ဝန်အား၊ ကြိုး အရွယ်အစား၊ လိုင်း အရှည်မိုင်။
- (င) အဆိုပြုထရန်စဖော်မာများအား ခွင့်ပြုမည် ဆိုပါက ၃၃ကေဗွီ၊ ၁၁ကေဗွီ ဓာတ်အားလိုင်း ကြိုး လဲလှယ်ရန် လိုအပ်မှု ရှိ/မရှိ။
- (စ) Location Map (Google Map) (Block Diagram ဖြင့် ခွင့်မပြု) နှင့် One Line Diagram (ပင်မဓာတ်အားခွဲရုံ၊ ထပ်ဆင့်ဓာတ်အားခွဲရုံ နှင့် ဓာတ်အားလိုင်းမိုင်များ ပါဝင်ရမည်။)
- ၂။ အဆိုပြု ထရန်စဖော်မာ တပ်ဆင်မည့်နေရာရှိ GPS Point နှင့် သုံးစွဲမည့်ဝန်အားစာရင်းတို့ ပါရှိရမည်။
- ၃။ ဓာတ်အားဆက်သွယ်ရန် လျှောက်လွှာပုံစံနှင့် စာချုပ်ပုံစံ (လျှပ်စစ်ပုံစံ-၁၆)၊ ဓာတ်ကြိုး တပ်ဆင် ရန်လျှောက်လွှာ (လျှပ်စစ်ပုံစံ-၂၅၈) လက်ခံခြင်း၊ (လျှောက်ထားလိပ်စာ နှင့်ကိုက်ညီရမည်) ပါရှိရမည်။
- ၄။ ပူးတွဲတင်ပြစာရွက်စာတမ်းများတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ(စီမံ) ၊မြို့နယ်လျှပ်စစ်မန်နေဂျာ (အင်/ယာ)တို့မှ မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးပြီးကြောင်း အတည်ပြုလက်မှတ် ပါရှိရမည်။
- ဌာနဆိုင်ရာ ထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ခွင့် တင်ပြရာတွင် အောက်ဖော်ပြပါ အချက်များ ပူးတွဲတင်ပြ၊ ဖော်ပြရမည် ဖြစ်ပါသည်-
ပုဂ္ဂလိက ထရန်စဖော်မာများ လျှောက်ထားခြင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ခွင့် တင်ပြရာတွင် အောက်ဖော်ပြပါအချက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။
၁။ ထရန်စဖော်မာ တပ်ဆင်တည်ဆောက်လိုသူ ကာယကံရှင် ကိုယ်တိုင် လျှောက်ထားလွှာ လိပ်စာ နှင့် တပ်ဆင်လိုသော ထရန်စဖော်မာ Capacity ပါရှိရမည်။
-
-
၂။ သုံးစွဲမည့်နေရာ နှင့် လုပ်ငန်းအမျိုးအစားတို့ ဖော်ပြပါရှိရမည်။
-
၃။ မြို့နယ်မြေစာရင်းဦးစီးဌာနမှ အတည်ပြုထုတ်ပေးသည့် လျှောက်ထားသူအမည်ပေါက်၊ မြေဌား ဂရန်၊ မြေစာရင်းပုံစံ ၁၀၅/၁၀၆၊ လယ်မြေ ဖြစ်ပါက ပုံစံ- ၇ နှင့် လယ-၃၀(က) / ပုံစံ-၁၅ (သို့မဟုတ်) လျှောက်ထားသူ အမည်ပေါက် မဟုတ်ပါက မြေအရောင်းအဝယ် စာချုပ်၊ မြေဌား စာချုပ်၊ GP လွှဲစာ၊ အမွေစား၊ အမွေခံလွှဲသည့်စာများ ပါရှိရမည်။ မမှန်မကန် ဖော်ပြပြီး ခွင့်ပြုချက်ရရှိ ဓာတ်အားသုံးစွဲ၍ ပြဿနာတစုံတရာ ဖြစ်ပေါ်ခဲ့ ပါက ဓာတ်အားဖြတ်တောက် ခြင်း ခံရမည်။
-
၄။ သက်ဆိုင်ရာလုပ်ငန်းအလိုက် လုပ်ငန်းလိုင်စင်များ ပါရှိရမည်။ (သက်တမ်းလွန် မဖြစ်စေရ)၊ ဥပမာ -
- (က) ဆန်စက်၊ ဆီစက်၊ ရေခဲစက်၊ အခြားစက်မှုလက်မှုလုပ်ငန်းများ၊ အသေးစား စက်မှု လက်မှု လုပ်ငန်းများ (စက်မှုလုပ်ငန်းလိုင်စင်၊ စည်ပင်လိုင်စင်)၊
- (ခ) စက်သုံးဆီအရောင်းဆိုင် (မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပေး သော လုပ်ငန်းလိုင်စင်၊ စည်ပင်လိုင်စင်)၊
- (ဂ) ပုဂ္ဂလိကဆေးရုံ (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးသော လုပ်ငန်း လိုင်စင်၊ စည်ပင်လိုင်စင်)၊
- (ဃ) ဟိုတယ် (ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်)၊
- (င) ရေသန့်စက် (ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်၊ စက်မှုလုပ်ငန်းလိုင်စင်)
- (စ) တည်းခိုခန်း (သက်ဆိုင်ရာမြို့နယ်စည်/ပင်မှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်)၊
- (ဆ) သစ်နှင့်ဆိုင်သောလုပ်ငန်း (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သက်ဆိုင်ရာ မြို့နယ်စည်/ပင် မှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်)
- (ဇ) ဆက်သွယ်ရေးလုပ်ငန်း (မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပေးသောလုပ်ငန်း လိုင်စင်)
- (ဈ) စိုက်ပျိုးရေး၊ သတ္တူတွင်း၊ ရေပေးဝေရေးနှင့် မြစ်ရေတင် စသည့် (သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်)
- (ည) စီမံကိန်းလုပ်ငန်းများတွင် ယာယီတပ်ဆင် အသုံးပြုခြင်း (သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ထောက်ခံချက်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်)
- (ဋ) စက်မှုဇုန်အတွင်း ဖြစ်ပါက ဇုန်ကော်မတီ၏ ထောက်ခံချက် ပါရှိရမည်၊
- (ဌ) ကန်ထရိုက်တိုက်များ ထရန်စဖော်မာ လျှောက်ထားခြင်း ဖြစ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အဦ ဆောက်လုပ်ခွင့်၊ ခွင့်ပြုထားသည့် အဆောက်အဦ Design နှင့် Drawing၊ မြေဂရံမိတ္တူ၊ မြေရှင်နှင့် ကန်ထရိုက်တို့ ချုပ်ဆို ထားသည့် နှစ်ဦးသဘောတူစာချုပ်၊ မြေရှင် (သို့မဟုတ်) လာရောက် လျှောက်ထားသူ ၏မှတ်ပုံတင်မိတ္တူ နှင့် မူရင်း ယူဆောင်လာ ရပါမည်။
- (ဍ) အိမ်ရာများ၊ ကွန်ဒိုမီနီယံများ ထရန်စဖော်မာ လျှောက်ထားလာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အဦ ဆောက်လုပ်ခွင့်၊ ခွင့်ပြုထားသည့် အဆောက်အဦ Design နှင့် Drawing၊ မြေဂရံမိတ္တူ၊ မြေရှင် နှင့် ကန်ထရိုက်တို့ ချုပ်ဆို ထားသည့် နှစ်ဦးသဘောတူစာချုပ်၊ မြေရှင် (သို့မဟုတ်) လာရောက် လျှောက်ထားသူ ၏မှတ်ပုံတင် မိတ္တူ နှင့် မူရင်း ယူဆောင်လာ ရပါမည်။
- ၅။ ကိုယ်ထူကိုယ်ထမီးလင်းရေး ဆောင်ရွက်သော်လည်း နိုင်ငံတော်ဓာတ်အားစနစ်ကို အသုံးပြု ခြင်း ဖြစ်သဖြင့် မီးလင်းရေးဆောင်ရွက်ထားသော ဓာတ်အားလိုင်းမှ လိုအပ်ချက်ရှိသော ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ပုဂ္ဂလိက၊ ဌာနအစရှိသည်များသို့ ချိတ်ဆက် ဓာတ်အားပေးရန် ခွင့်ပြု ခြင်းကို ကန့်ကွက်ရန် မရှိကြောင်း ဝန်ခံကတိပြုချက် တင်ပြပေးရမည်။
ဌာနမှ ဆောင်ရွက်ရန် -
-
ဌာနဆိုင်ရာမှ ဆောင်ရွက်ရန်
- ၁။ သက်ဆိုင်ရာ ဦးစီးဌာန/လုပ်ငန်း၏ ရုံးအမှာစာဖြင့် ရုံးစိုက်ရာမြို့ရှိ ဌာနအကြီးအကဲ၏ လျှောက်ထားလွှာလိပ်စာ နှင့် ဌာနပိုင် ဖြစ်ကြောင်း ထောက်ခံချက်တို့ ပါရှိရမည်။
- ၂။ သုံးစွဲမည့်နေရာ၊ လုပ်ငန်းအမျိုးအစားတို့ ဖော်ပြပါရှိရမည်။
- ၃။ ကိုယ့်အားကိုယ်ကိုး မီးလင်းရေး ဆောင်ရွက်သော်လည်း နိုင်ငံတော်ဓာတ်အားစနစ်ကို အသုံးပြု ခြင်း ဖြစ်သဖြင့် မီးလင်းရေးဆောင်ရွက်ထားသော ဓာတ်အားလိုင်းမှ လိုအပ်ချက်ရှိသော ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ပုဂ္ဂလိက၊ ဌာန အစရှိသည်များသို့ ချိတ်ဆက်ဓာတ်အားပေးရန် ခွင့်ပြု ခြင်းကို ကန့်ကွက်ရန်မရှိကြောင်း ဝန်ခံကတိပြုချက် တင်ပြပေးရမည်။
-
မိမိဌာနမှ ဆောင်ရွက်ရန်
-
၁။ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများမှ စိစစ်ပြီး ဖြစ်သော-
- (က) ပင်မဓာတ်အားခွဲရုံ (Primary Substation) ရှိ Main Transformer ၏ Voltage Ratio ၊ Install Capacity နှင့် အများဆုံးဝန်အား။
- (ခ) ပင်မဓာတ်အားခွဲရုံ (Primary Substation) မှ ပေးပို့ထားသော Feeder ၏ Voltage ၊ C.T Ratio ၊ အများဆုံးဝန်အား၊ ကြိုးအရွယ်အစား၊ လိုင်းအရှည်မိုင်။
- (ဂ) ထပ်ဆင့်ဓာတ်အားခွဲရုံ (Secondary Substation) ရှိ Main Transformer ၏ Voltage Ratio ၊ Install Capacity ၊ C.T Ratio နှင့် အများဆုံးဝန်အား။
- (ဃ) ထပ်ဆင့်ဓာတ်အားခွဲရုံတစ်ရုံ နှင့် တစ်ရုံ (ဥပမာ- 66/33kV ခွဲရုံနှင့် 33/11kV ခွဲရုံ) ကြား Feeder ၏ Voltage ၊ C.T Ratio ၊ အများဆုံးဝန်အား၊ ကြိုးအရွယ်အစား၊ လိုင်းအရှည်မိုင်။
- (င) အဆိုပြုထရန်စဖော်မာများအား ခွင့်ပြုမည် ဆိုပါက ၃၃ကေဗွီ၊ ၁၁ကေဗွီ ဓာတ်အားလိုင်း ကြိုး လဲလှယ်ရန် လိုအပ်မှု ရှိ/မရှိ။
- (စ) Location Map (Google Map) (Block Diagram ဖြင့် ခွင့်မပြု) နှင့် One Line Diagram (ပင်မဓာတ်အားခွဲရုံ၊ ထပ်ဆင့်ဓာတ်အားခွဲရုံ နှင့် ဓာတ်အားလိုင်းမိုင်များ ပါဝင်ရမည်။)
- ၂။ အဆိုပြုထရန်စဖော်မာ တပ်ဆင်မည့်နေရာရှိ GPS Point နှင့် သုံးစွဲမည့်ဝန်အားစာရင်း တို့ပါ ရှိရမည်။
- ၃။ ဓာတ်အားဆက်သွယ်ရန် လျှောက်လွှာပုံစံ နှင့် စာချုပ်ပုံစံ (လျှပ်စစ်ပုံစံ-၁၆)၊ ဓာတ်ကြိုး တပ်ဆင်ရန်လျှောက်လွှာ (လျှပ်စစ်ပုံစံ-၂၅၈) လက်ခံခြင်း၊ (လျှောက်ထားလိပ်စာ နှင့်ကိုက်ညီ ရမည်)ပါရှိရမည်။
- ၄။ ပူးတွဲတင်ပြစာရွက်စာတမ်းများတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ(စီမံ)၊ မြို့နယ်လျှပ်စစ်မန်နေဂျာ (အင်/ယာ)များမှ မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးပြီးကြောင်း အတည်ပြု လက်မှတ်ပါရှိရမည်။
-
၁။ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများမှ စိစစ်ပြီး ဖြစ်သော-