ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော တိုက်ကြီးမြို့နယ် တော်ခရမ်းကျေးရွာ လမ်းနှင့်လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော တိုက်ကြီးမြို့နယ် တော်ခရမ်းကျေးရွာ လမ်းနှင့်လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

10-Mar-2019

၂၀၁၉ ခုနှစ် မတ်လ(၁၀)ရက်

        ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌ ဦးမောင်မောင်လတ်နှင့်တာဝန်ရှိသူများ၊ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၂၀၁၉)ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် တိုက်ကြီးမြို့နယ် တော်ခရမ်းကျေးရွာ လမ်းနှင့် လျှပ်စစ်မီးဖွင့်ပွဲသို့ ရောက်ရှိခဲ့ပါသည်။

         ရှေးဦးစွာ လျှပ်စစ် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ တော်ခရမ်းကျေးရွာ လမ်းနှင့်လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့မှုများနှင့်ပက်သက်၍လည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအားလုံး လာမည့်(၃)နှစ်အတွင်း လမ်းနှင့်လျှပ်စစ်မီးကောင်းမွန်စွာရရှိရေး ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌ ဦးမောင်မောင်လတ်က (၂၀၂၀)ပြည့်နှစ် ဒီဇင်ဘာလခန့်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ကျန်ရှိသည့် ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိရေးဆောင်ရွက်နေမှုများအားလည်းကောင်း အသီးသီးရှင်းလင်းအမှာစကားများ ပြောကြားခဲ့ပါသည်။

         ထို့နောက် တော်ခရမ်းကျေးရွာအဝင် ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ 11/0.4KV/200KVA ထရန်စဖော်မာနှင့်ကျေးရွာအတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

        အဆိုပါ တော်ခရမ်းကျေးရွာလမ်းသည် တိုက်ကြီး-အဖျောက်ကားလမ်းမှ အရှည် (၁)မိုင်၊လမ်းအကျယ်(၁၂)ပေ၊ကျောက်သားထု(၆)လက်မ၊ကွန်ကရစ်ထု(၇)လက်မရှိသော ကွန်ကရစ်လမ်းဖြစ်ပြီး 11/0.4KV/200KVA ထရန်စဖော်မာမှ မီးသုံးသူ(၆၀)ဦးအား လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။

                              



Related News