လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သီလဝါစက်မှုဇုန်အတွင်း လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

09-Mar-2019

                        ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်

           လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ခုနှစ် မတ်လ (၈)ရက်နေ့တွင် သီလဝါအထူးစီးပွားရေးဇုန်သို့ ရောက် ရှိပြီး သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဌ ဦးဆက်အောင်နှင့် တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ် အားရရှိမှု၊ ဖြန့်ဖြူးသုံးစွဲမှု အခြေအနေများ၊လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

             ထို့နောက် ဒုတိယဝန်ကြီးမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအ နေများ၊ဓာတ်အားပြတ်တောက်မှုမရှိစေရေး၊ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးနေမှု အ ခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ သီလဝါစက်မှုဇုန်အတွင်းသို့ လျှပ်စစ်ဖြန့်ဖြူးရေးစနစ်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို လေ့လာသုံးသပ်၍ စက်မှုဇုန်အတွင်း လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် အသေးစိတ်ဆွေးနွေးမေးမြန်းကာ တိုးတက်ကောင်း မွန်အောင် ပြုပြင်ဆောင်ရွက်သင့်သော ကိစ္စများအား ဒုတိယဝန်ကြီးမှ အကြံပြုဆွေးနွေးခဲ့ပါသည်။

        ထို့နောက် သီလဝါစက်မှုဇုန်အတွင်းရှိ ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးသုံးစွဲမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


 



Related News