ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဓာတ်အားခွဲရုံများနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများအား ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဓာတ်အားခွဲရုံများနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများအား ကွင်းဆင်းစစ်ဆေးခြင်း

19-Sep-2022

                    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း  ၊ ဥက္ကဌ ဦးအောင်ကျော်ဦးသည် ရန်ုကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းခရိုင် လျှပ်စစ်မန်နေဂျာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်  ၊ စက်တင်ဘာလ၁၇ ရက်နေ့တွင် သုံးခွမြို့နယ် 33 / 11KV 2MVA သိုက်တူးကန်   ဓာတ်အားခွဲရုံမှ စတင်ဓာတ်အားပို့လွှတ်မှုအခြေအနေ နှင့်သုံးခွမြို့နယ်တွင်းရှိ ရပ်ကွက် ၊ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးရန် ၁၁ ကေဗွီဓာတ်အားလိုင်းများ တည်ဆောက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ဓာတ်အားခွဲရုံသစ်မှ ဗို့အားပြည့်စွာ ဓာတ်အားဖြန့်ဖြူးနိုင်ရေး ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး ဓာတ် အားပြတ်တောက်မှုအကြိမ်ရေနှင့် ကြာချိန်လျော့နည်းစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေး၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ကြံခိုင်စေရေးတို့အတွက်အသေးစိတ်မှာကြားခဲ့ပါသည်။

                     ထို့နောက် ခရမ်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် ခရမ်းမြို့ရုံးဓာတ်အားခွဲရုံသို့ ရောက်ရှိခဲ့ပြီး တည်ဆောက်ဆဲ ၂၃၀/၃၃/၁၁ ကေဗွီခရမ်းပင်မဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ခရမ်းနှင့်သုံးခွမြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးနိုင်ရန် ဓာတ်အားလိုင်းသစ်များ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားပါသည်။ ဆက်လက်၍  ဥက္ကဋ္ဌနှင့်  အဖွဲ့၀င်များသည် သုံးခွမြို့နယ်  လျပ်စစ်မန်နေဂျာရုံး၊ဒဂုံမြို့သစ် (ဆိပ်ကမ်း )မြို့နယ်လျပ်စစ်မန်နေဂျာရုံးနှင့်တောင်ဒဂုံမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့သွားရောက်လျက် အများပြည်သူများ မြို့နယ်ရုံး ငွေကောက်ကောင်တာများတွင် ဓာတ်အားခပေးဆောင်နေမှု Automatic Billing System အသုံးပြု၍ ငွေကောက်ခံနေမှုအခြေအနေများအား စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားခများ သတ်မှတ်ရက်အတွင်း ကောက်ခံရရှိရေး၊ ပြည်သူလူထု၏ ဓာတ်အားလိုအပ်ချက်များအပေါ် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက် အသေးစိတ်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆီးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                                    ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း




Related News