ဓာတ်အားခကြွေးကျန်များလျော့နည်းကျဆင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းရေး၊ ဓာတ်အားပြတ်တောက်မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ဓာတ်အားခကြွေးကျန်များလျော့နည်းကျဆင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းရေး၊ ဓာတ်အားပြတ်တောက်မှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

21-Sep-2022

ရန်ကုန်၊ ဩဂုတ် ၃၁

                    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ နှင့် ရုံးချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံးများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ရုံးချုပ် အစည်းအဝေးခန်းမတွင် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်၊ နံနက် ၉ နာရီ မိနစ် ၃၀ က ကျင်းပရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပါသည်။

                    ထို့နောက် ခရိုင် (၄) ခရိုင်မှ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများက ဓာတ်အားခကြွေးကျန်များ လျော့နည်းကျဆင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ ဓာတ်အားပြတ်တောက်မှုမရှိစေရေးတို့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးတင်ပြကြပါသည်။ ဆက်လက်၍ ဌာနကြီးမှူးများ၊ အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ဝင်များက လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

                                                                                                     ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း





Related News