မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

05-Aug-2022

                                                                                     မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

         ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်လျှပ်စစ်မြို့နယ်များ၏ စုဖွဲ့အင်အားဖြင့် 33kV ကနောင် -ခနောင်တို ဓာတ်အားလိုင်း၊ 33kV လှိုင်သာယာ - ကွမ်းခြံကုန်းဓာတ်အားလိုင်း များနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို (၆.၈.၂၀၂၂) ရက်နေ့၊ (စနေနေ့)တွင် (၁၀:၀၀) နာရီမှ (၁၄:၀၀) နာရီအထိ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ် အတွင်း ဒလ၊ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊ အေးရွာ၊ လှိုင်သာယာမြို့နယ်များ၏နေရာအချို့တို့တွင်လည်းကောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် လျှပ်စစ်မြို့နယ်များ၏ စုဖွဲ့အင်အားဖြင့် 33kV လှော်ကား-(Ba+Bb) ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို (၇.၈.၂၀၂၂) ရက်နေ့(တနင်္ဂနွေနေ့) တွင်(၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ မြို့နယ်များ၏နေရာအချို့တို့တွင်လည်းကောင်း ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများလျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

                                                                                                                                    ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း   





Related News