အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်တွင် ဓာတ်တိုင်ယာဉ်တိုက်မှု ဖြစ်ပွားခြင်း

အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်တွင် ဓာတ်တိုင်ယာဉ်တိုက်မှု ဖြစ်ပွားခြင်း

03-Aug-2022

ရန်ကုန်၊ ဩဂုတ် ၃

                ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဂျပန်လမ်းမီးပွိုင့်အနီး အောင်မင်္ဂလာလမ်းတွင် သိန်းထိုက် (၃၆)နှစ်၊ (ဘ)ဦးလှသိန်း၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ် (၁၂/ မဘန(နိုင်)၁၃၀၄၉၇)၊ ခိုးယူမောင်းနှင်လာသည့် YBS-94 ၊ Foton အမျိုးအစား၊ ယာဉ်အမှတ် YGN 2P-7221 သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂)ရက်၊ နံနက် ၄ နာရီ အချိန်ခန့်တွင် ယာဉ်မတော်တဆဖြစ်ပြီး 33kV ရွာမ ဒညင်းကုန်းဓာတ်အားလိုင်းမှ ၁၄ မီတာ ကွန်ကရစ် ဓာတ်တိုင် ၂ တိုင်၊ 6.6 kV လိုင်း Tap Off ၁၀ မီတာ ကွန်ကရစ်တိုင် ၁ တိုင် ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းမှ ၉ မီတာ ကွန်ကရစ်တိုင် ၁ တိုင် တို့အား တိုက်မိခဲ့ခြင်းကြောင့် စုစုပေါင်း ဓာတ်တိုင်(၄)တိုင် လမ်းမီးခွက် ၁ ခွက်နှင့် ဓာတ်တိုင်တွင်တပ်ဆင်ထားသော အိမ်သုံးမီတာ ၂ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသည်။

                 အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျိုးသွားသည့် ဓာတ်အားလိုင်းတိုင် များအား အစားထိုးလဲလှယ်နိုင်ရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကွပ်ကဲမှုအောက်ရှိ အင်းစိန်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ နှင့် ဝန်ထမ်းများက ယာယီဓာတ်အားပိတ်၍ လိုင်းကြိုးများ ရှင်းလင်းခြင်း၊ တိုင်အစားထိုး လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဓာတ်အား ပြန်လည်ပေးထားနိုင်ခဲ့ကြောင်း သိရှိရပါသည်။

                                                                                                            ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း





Related News