အများပြည်သူသို့အသိပေးပြန်ကြားခြင်း

အများပြည်သူသို့အသိပေးပြန်ကြားခြင်း

02-Sep-2022
    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ မိုးဦးကာလ လျှပ်စစ်အန္တရာယ်ရှင်းရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်၊ သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေး နိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့်လဲလှယ်ခြင်း လုပ်ငန်းများကို (၂၉.၅.၂၀၁၈) ရက်နေ့ (အင်္ဂါနေ့) နှင့် (၃၁.၅.၂၀၁၈) ရက်နေ့ (ကြာသပတေးနေ့) တို့တွင် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်စဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ ဥက္ကံ၊ ဒါးပိန်၊ ဖောင်ကြီး၊ အင်းတိုင်၊ မြောင်းတကာ၊ အဖျောက်၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ အလုံ၊ ကမာရွှတ်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ လှိုင်၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဗိုလ်တစ်ထောင်၊ ရွှေပေါက်ကံ မြို့နယ်များတွင် အဆိုပါရက်များ၌ အချိန်ပိုင်းဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်ပါသည်။

    ထိုသို့လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ပါသည်။

Related News