လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း

30-Nov-2021

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သတ္တမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း

ရန်ကုန် ၊ နိုဝင်ဘာ ၊ ၁၅ ရက်

                     လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သတ္တမ အကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ် စုဝေးခန်းမ၌ Covid-19 ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အလုံမြို့နယ် အောင်မင်္ဂလာပါဠိတက္ကသိုလ်ကျောင်းတိုက် စာချမဟာနာ ယက တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ အပါအဝင်ပင့်သံဃာတော် (၉)ပါး ကြွရောက် ချီးမြှင့် တော်မူကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့် ဇနီး ဒေါ်သန္တာထွန်း တို့နှင့်အတူ ဒါရိုက်တာအဖွဲ့ဝင်များ ဧည့်သည်တော်များနှင့် ဌာနကြီးမှူးများ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ဆရာတော်ထံမှ (၅)ပါးသီလခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကာ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် အောင်မင်္ဂလာပါဠိတက္ကသိုလ်ကျောင်းတိုက် စာချမဟာနာယက တိုက်အုပ်ဆရာ တော်ကြီးထံမှ အလှူအနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း လောင်း အမျှပေးဝေကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ သတ္တမ အကြိမ် စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံးချုပ်နှင့် ခရိုင် (၄) ခရိုင်မှ ပဒေသာပင် စုစုပေါင်း (၄၄) ပင်၊ ပစ္စည်း တန်ဘိုးကျပ် - (၁၈,၂၈၉,၆၀၀/-) သိန်းဖြစ်ပြီး ငွေသား တန်ဘိုးကျပ်မှာ (၃၄,၈၄၇,၃၅၀/-) ဖြစ်ပါ၍ စုစုပေါင်း တန်ဘိုး (၅၃,၁၃၆,၉၅၀/-) သိန်းကျော်ပါဝင် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                                                                ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း



Related News