6.6kVဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း

6.6kVဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း

30-Nov-2021

"6.6kVဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း"

ရန်ကုန်၊နိုဝင်ဘာ ၁၆

                         ဓာတ်အားသုံးစွဲသူအများပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊သစ်ပင်သစ်ကိုင်းများကြောင့်ဓာတ်အားပြတ်တောက်မှု့လျော့နည်းစေရေး၊ဓာတ်အားပျောက်ဆုံးမှု့လျော့နည်းကျဆင်းစေရေးတို့အတွက်ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်လှိုင်မြို့နယ်၊ကန်လမ်းနှင့်လှိုင်မြင့်မိုလ်လမ်းသွယ်(၄)လမ်းတစ်လျောက်တွင် 6.6 kV လှိုင်တက္ကသိုလ်GIS-IBCဖီဒါနှင့်မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းကို၂၀၂၁ခု နှစ် နိုဝင်ဘာလ ၁၆ ရက်နံနက် ၉နာရီမှ ၁၂:၀၀ နာရီအထိဆောင်ရွက်ခဲ့ရာ လှိုင်မြို့နယ်လျှပ်စစ်မန်နေဂျာ၊ လျှပ်စစ်အင်ဂျင်နီယာတို့ကအနီးကပ်ကြီးကြပ်၍လှိုင်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှဝန်ထမ်းများ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပန်းဥယျာဥ်နှင့်ကစားကွင်းများဌာနမှ ဝန်ထမ်းများစုစုပေါင်း ဝန်ထမ်းအင်အား ၃၅ဦး၊ လုပ်ငန်းသုံးယာဉ်တစ်စီး၊ ပလက်ဖောင်းထရပ်ယာဥ်တစ်စီး၊အမှိုက်သယ်ယာဥ်တစ်စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။









Related News