အဆင့်မြှင့်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံအဆင့်မြှင့်တင်တိုးချဲ့တပ်ဆင်မည့် လုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းမှ ကြည့်ရှုစစ်ဆေးခြင်း

အဆင့်မြှင့်နည်းပညာဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံအဆင့်မြှင့်တင်တိုးချဲ့တပ်ဆင်မည့် လုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းမှ ကြည့်ရှုစစ်ဆေးခြင်း

30-Nov-2021

ရန်ကုန် ၊ နိုဝင်ဘာ ၊ ၁၀ ရက်

                     ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှတာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် အလုံမြို့နယ်ရှိ 33kV ဟုံဟိုင်းဓာတ်အားခွဲရုံအား အဆင့်မြှင့်နည်းပညာဖြင့် တိုးချဲ့ တပ်ဆင်မည့် လုပ်ငန်းခွင်ဆောင်ရွက်နေမှုများ၊ ဓာတ်အားခွဲရုံအတွက် ဆက်စပ်ပစ္စည်းများရောက်ရှိ နေရာချထားမှုများကို နိုဝင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းမှ ကြည့်ရှုစစ်ဆေးသည်။ ဝန်ကြီးအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဦးကျော်သူက နိုင်ငံတော်ဓာတ်အားစနစ်နှင့် အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်သော ဓာတ်အားကို 230kV အလုံပင်မဓာတ်အားခွဲရုံမှ တစ်ဆင့် ဓာတ်အားကို ရယူပြီး အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ လမ်းမတော်၊ လသာ စသည့် မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားခွဲရုံသည် သက်တမ်းကြာ ဓာတ်အားခွဲရုံဖြစ်သည့်အတွက် ဝန်အားအပြည့်အဝအသုံးမပြုနိုင်ခြင်း၊ တပ်ဆင်ထားသော ပစ္စည်းများ မကြာခဏချို့ယွင်းသည့် အတွက် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်သဖြင့် နည်းပညာမြင့်မားသော Compact Gas Insulated Switchgear (C-GIS) များကို Indoor Type with SCADA Compatible, Double Bus ဖြင့် ပြောင်းလဲ၍ အဆင့်မြှင့်တင် တိုးချဲ့တပ်ဆင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် နှင့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။ ဝန်ကြီးမှ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းခွင်အတွင်း လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန်၊ ဓာတ်အားခွဲရုံဧရိယာအား ခြံစည်းရိုးကာရန်ထားရှိရန်၊ လုပ်ငန်းခွင်အတွင်း စနစ်တကျသန့်ရှင်းစွာထားရှိ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မှပြီးစီးရေး နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ပနိုင်ငံများမှ ဝယ်ယူသည့် C-GIS နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိနေရာချထား မှုများကို ကြည့်ရှု့စစ်ဆေးသည်။ ဓာတ်အားခွဲရုံအဆောက်အအုံဆိုင်ရာမြို့ပြလုပ်ငန်းများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အင်ဂျင်နီယာများသည် ကုမ္ပဏီမှ နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ၏ နည်းပညာပံ့ပိုးမှုများဖြင့် တပ်ဆင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပြီးစီးပါက 33kV ဟုံဟိုင်းဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ဖော်ပြပါ မြို့နယ်များအတွင်းရှိ မီးသုံးစွဲသူ ပြည်သူများအနေဖြင့် ဗို့အားတည်ငြိမ်ပြည့်ဝစွာဖြင့် လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။




Related News