ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက် ပုလဲလမ်း၊သံမဏိစက်ရုံအနီး"ဓာတ်တိုင်ယာဉ်တိုက်မှုဖြစ်ပွားခြင်း

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက် ပုလဲလမ်း၊သံမဏိစက်ရုံအနီး"ဓာတ်တိုင်ယာဉ်တိုက်မှုဖြစ်ပွားခြင်း

29-Oct-2021

၂၀၂၁ခုနှစ်အောက်တိုဘာလ(၁၅) ရက်

    ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်ပုလဲလမ်း၊သံမဏိစက်ရုံအနီးတွင်ယာဉ်မောင်းအမည်(စုံစမ်းဆဲ)(သေဆုံး)မောင်းနှင်သည့် Toyota Wishအိမ်စီးကား၊ယာဉ်အမှတ်၊YGN6J/9764သည် ၂၀၂၁ခုနှစ်အောက်တိုဘာလ(၁၅) ရက် ည၈နာရီ(၄၀)မိနစ်အချိန်ခန့်တွင်အရှိန်မထိန်းနိူင်ဘဲ33kVရွာမ-ဒညင်းကုန်းလိုင်းရှိ (၁၂)မီတာကွန်ကရစ်ဓာတ်တိုင်အားတိုက်မိပြီးယာဉ်မောင်းမှာ အခင်းဖြစ်ပွားသည့်နေရာတွင်သေဆုံးသွားခဲ့ပါသည်။၎င်းဖြစ်စဉ်ကြောင့် (၁၂)မီတာကွန်ကရစ်ဓာတ်တိုင်တစ်တိုင်ကျိုးပဲ့ပျက်စီးခြင်း(၁၀)မီတာကွန်ကရစ်ဓာတ်တိုင် (၂)တိုင်ယိုင်သွားခြင်း၊လမ်းမီးခွက်LED150Wတစ်စုံပျက်စီးခြင်းများဖြစ်ပွားခဲ့ပါသည်။အခင်းဖြစ်ပွားစဉ် ဓာတ်အားပြတ်တောက်မှု မရှိခဲ့သော်လည်းအများပြည်သူ လျှပ်စ်အန္တရာယ်မဖြစ်ပေါ်စေရန်ယာယီဓာတ်အားဖြတ်တောက်၍ပြန်လည်ပြုပြင်ကာယင်းည (၁၀)နာရီ(၁၅) မိနစ်ချိန်ခန့်တွင် ဓာတ်အားပြန်လည်ပေးထားနိုင်ခဲ့ပါသည်။အခင်းဖြစ်ပွားခြင်းကြောင့် ပျက်စီးသွားသောဓာတ်တိုင်အား ပြန်လည်အစားထိုးခြင်း ၊ယိုင်သွားသောဓာတ်တိုင်များအား ပြန်လည်တည့်မတ်ခြင်း၊လမ်းမီးခွက် ပြန်လည်အစားထိုးတပ်ဆင်ခြင်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှဝန်ထမ်းများကအမြန်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။



Related News