ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် အတွင်း ဓာတ်အားလိုင်းနှင့်ထိစပ်နေသောသစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်း လင်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် အတွင်း ဓာတ်အားလိုင်းနှင့်ထိစပ်နေသောသစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်း လင်းခြင်း

13-Oct-2021

၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ (၃၀)ရက်

     ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်၊ ပါရမီလမ်း၊ မင်းဓမ္မလမ်းနှင့် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတို့တွင် 33 kV RIR - တော်ဝင်ဖီဒါ နှင့်မလွတ်ကင်းသော သစ်ပင် သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းခြင်း ကို ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ (၃၀)ရက် နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီအထိ ဆောင်ရွက်ခဲ့ရာ အနောက်ပိုင်းခရိုင်လျှပ်စစ်မန်နေဂျာ ကအနီးကပ်ကြီးကြပ် ၍ အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ အရာထမ်း ၊ အမှုထမ်းများ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဝန်ထမ်း များ စုစုပေါင်း ဝန်ထမ်းအင်အား (၁၀၇)ဦး၊ လုပ်ငန်းသုံးယာဉ် (၁၀)စီး၊ ပလက်ဖောင်းထရပ်ယာဉ် (၃)စီး၊ အမှိုက်သယ် ယာဉ် (၃)စီး တို့ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။



Related News