ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် တွံ့တေးမြို့နယ်အတွင်း 33 KV Double Circuit တွံ့တေးတူးမြောင်း ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ခြင်းနှင့် မူးလမန်းဓာတ်အားခွဲရုံ သို့ ဥက္ကဌမှ ကြည့်ရှုစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် တွံ့တေးမြို့နယ်အတွင်း 33 KV Double Circuit တွံ့တေးတူးမြောင်း ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ခြင်းနှင့် မူးလမန်းဓာတ်အားခွဲရုံ သို့ ဥက္ကဌမှ ကြည့်ရှုစစ်ဆေးခြင်း

14-Sep-2021

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့

၁။     ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဌသည် ၂၀၂၁ခု နှစ် စက်တင်ဘာလ ၁၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် တွံတေးမြို့နယ်အတွင်းဓာတ်အားပိုမိုပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေးအတွက် 33kV Double Circuit တွံတေးတူးမြောင်းဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်မဖြစ်စေရေး မှာကြားပြီးလိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

၂။     ထို့နောက် တွံတေးမြို့ 33/6.6kV(5+5+5)MVA မူးလမန်းဓာတ်အားခွဲရုံသို့ရောက်ရှိကာ ခွဲရုံကြံ့ခိုင်မှုရှိစေရေး၊ ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရေး၊ ခွဲရုံပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။




Related News