ကိုကိုးကျွန်းမြို့နယ်အတွင်း (၂၄)နာရီလျှပ်စစ်ဓာတ်အားရရှိစေရေးနှင့် ဆိုလာစနစ်ဖြင့်   ဓာတ်အားပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်စပ်ပစ္စည်းများအား ကိုကိုးကျွန်းသို့ သင်္ဘောဖြင့်တင်ပို့ရန် ဆောင်ရွက်နေမှုများအား စစ်ဆေးခြင်း

ကိုကိုးကျွန်းမြို့နယ်အတွင်း (၂၄)နာရီလျှပ်စစ်ဓာတ်အားရရှိစေရေးနှင့် ဆိုလာစနစ်ဖြင့် ဓာတ်အားပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်စပ်ပစ္စည်းများအား ကိုကိုးကျွန်းသို့ သင်္ဘောဖြင့်တင်ပို့ရန် ဆောင်ရွက်နေမှုများအား စစ်ဆေးခြင်း

20-Aug-2020

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အတွင်း (၂၄)နာရီလျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းတိုင်များနှင့် ဆက်စပ်ပစ္စည်းများအား ကိုကိုးကျွန်းသို့ သင်္ဘောဖြင့်တင်ပို့ရန် ဆောင်ရွက်နေမှုများအား စစ်ဆေးခြင်း

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၇

၁။    (၇.၈.၂၀၂၀)ရက်နေ့တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်သည် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ သာကေတဆိပ်ခံတံတား၌ ကိုကိုးကျွန်းမြို့နယ်အတွင်း (၂၄)နာရီမီးလင်းရေး၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းတိုင်များနှင့် ဆက်စပ်ပစ္စည်းများ ကိုကိုးကျွန်းသို့ သင်္ဘောဖြင့် တင်ပို့ရန်ဆောင်ရွက်နေမှုအား မြေပြင်ကွင်းဆင်း ကြီးကြပ်စစ်ဆေးဆောင်ရွက်ကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

၂။    ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အားလက်ရှိတွင် (350) kVA ဒီဇယ်ဓာတ်အားပေးစက်ဖြင့် နေ့စဉ် ည (၀၆:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ တစ်နေ့လျှင် (၆)နာရီမျှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိရာ နိုင်ငံတော်အစိုးရမှ ကိုကိုးကျွန်းမြို့နယ်အား Solar စနစ်ဖြင့် ( ၂၄ )နာရီ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံး Solar Hybrid System ဖြင့် ဓာတ်အားပေးနိုင်ရန် ( Co Co Solar Power Plant ) ( CCSPP ) စီမံကိန်း (0.5)MW တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အတွင်း (၂၄)နာရီလျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းတိုင်များနှင့် ဆက်စပ်ပစ္စည်းများအား ကိုကိုးကျွန်းသို့ သင်္ဘောဖြင့်တင်ပို့ရန် ဆောင်ရွက်နေမှုများအား စစ်ဆေးသည့် မှတ်တမ်းဓာတ်ပုံ

ရက်စွဲ၊ ၇.၈.၂၀၂၀




Related News