ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်သော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တံတားမြို့နယ်များ၏ ကျေးရွာများမီးလင်းရေးလုပ်ငန်းခွင်နေရာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည့်သတင်း

04-Aug-2020

ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်သော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တံတားမြို့နယ်များ၏ ကျေးရွာများမီးလင်းရေးလုပ်ငန်းခွင်နေရာများသို့ ဥက္ကဋ္ဌ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည့်သတင်း

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ

    ( ၂၅.၇.၂၀၂၀ )ရက်နေ့တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ၊ ဦးမောင်မောင်လတ်သည် ရန်ကုန်တောင်ပိုင်းခရိုင်လျှပ်စစ်မန်နေဂျာ၊ ရန်ကုန်တောင်ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာ၊ သန်လျင်မြို့နယ်လျှပ်စစ်မန်နေဂျာ၊ ကျောက်တန်းမြို့နယ်လျှပ်စစ်မန်နေဂျာ၊ ခရမ်းမြို့နယ်လျှပ်စစ်မန်နေဂျာ၊ သုံးခွမြို့နယ်လျှပ်စစ်မန်နေဂျာ၊ တံတားမြို့လျှပ်စစ်မန်နေဂျာတို့ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တံတားမြို့နယ်များ၏ ကျေးရွာများ မီးလင်းရေးလုပ်ငန်းခွင်နေရာများသို့ သွားရောက်ကွင်း ဆင်းစစ်ဆေးခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း သုံးခွ 33/11kV , 5 MVA ဒေါင့်ကြီးဓါတ်အားခွဲရုံတည်ဆောက်ရေးလုပ်ငန်းခွင်နေရာသို့လည်းကောင်း၊ သုံးခွမြို့နယ်စွယ်တော်ချောင်ကျေးရွာမီးလင်းရေး လုပ်ငန်းခွင်နေရာသို့ လည်းကောင်း၊ ခရမ်း 33/11 kV , 5 MVA မောင်းမလမ်းဆုံဓါတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်နေရာသို့လည်းကောင်း၊ ခရမ်း 33/11kV, 5MVA ပိန်းကန်ဓါတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်နေရာသို့လည်းကောင်း၊ ခရမ်းမြို့နယ်၊ လှဘီလူးကျေးရွာမီးလင်းရေး လုပ်ငန်းခွင် နေရာသို့လည်းကောင်း၊ တံတားမြို့လျှပ်စစ်ရုံးသို့လည်းကောင်း၊ ကျောက်တန်းမြို့နယ်ရေကျော်ကျေးရွာမီးလင်းရေးဆောင်ရွက်နေသည့် နေရာသို့လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတည် ဆောက်ရေးကုမ္ပဏီများဖြစ်သည့် ICE Co.Ltd ၊ Zeya Co.Ltd ၊ ခင်မောင်ညွန့် Co.Ltd ၊ မြန်မာပိတောက် Co.Ltd တို့ ၏ တာဝန်ခံများမှ လုပ်ငန်းခွင်အတွင်း ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းများ အချိန်မှီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးကောင်းမွန်၍ သတ်မှတ် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး နှင့် ကျေးရွာများ မီးလင်း၍ တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဥက္ကဋ္ဌ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခရီးစဉ်အတွင်း လမ်းညွန်မှာကြားခဲ့ပြီး၊ ဒေသခံကျေးရွာသူ/သား များနှင့်လည်း ခင်မင်ရင်းနှီးစွာတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

ဥက္ကဋ္ဌ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ကွင်းဆင်းကြည့်ရှုသည့် မှတ်တမ်းဓာတ်ပုံ

ရက်စွဲ၊ ၂၅.၇.၂၀၂၀

Related News