ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ 33 / 11 kV, 5 MVA  ခတ္ထိယဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ 33 / 11 kV, 5 MVA ခတ္ထိယဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း

03-Mar-2020

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ 33 / 11 kV, 5 MVA ခတ္ထိယဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည့်သတင်း

၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ ၉ ရက်

     နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲမှု ( ၅၀ % )ပြည့်မြောက်သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်ရှိ 33/11kV, 5MVA ခတ္ထိယဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။

တစ်နိုင်ငံလုံး၏ (၅၀%)ပြည့်သည့် အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တောင်ပိုင်း ခရိုင်၊ တွံတေးမြို့နယ်၊ 33/11kV, 5 MVA ခတ္ထိယခွဲရုံဖွင့်ပွဲအခမ်းအနားတွင် မှတ်တမ်းဓာတ်ပုံရိုက်ကူးစဉ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ 33/11kV, 5 MVA ခတ္ထိယခွဲရုံဖွင့်ပွဲအခမ်းအနားတွင် စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်းနှင့် ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း

တစ်နိုင်ငံလုံး၏ (၅၀%)ပြည့်သည့် အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တောင်ပိုင်း ခရိုင်၊ တွံတေးမြို့နယ်၊ 33/11kV, 5 MVA ခတ္ထိယခွဲရုံဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းပြောကြားနေစဉ်

တစ်နိုင်ငံလုံး၏ (၅၀%)ပြည့်သည့် အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တောင်ပိုင်း ခရိုင်၊ တွံတေးမြို့နယ်၊ 33/11kV, 5 MVA ခတ္ထိယခွဲရုံဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်မှ မိန့်ခွန်းပြောကြားနေစဉ်





Related News