လက်ထောက်အထွေထွေမန်နေဂျာ(စီမံ)များ  လုပ်ငန်းခွင်အကြိုမွမ်းမံသင်တန်း  ဖွင့်လှစ်ခြင်း

လက်ထောက်အထွေထွေမန်နေဂျာ(စီမံ)များ လုပ်ငန်းခွင်အကြိုမွမ်းမံသင်တန်း ဖွင့်လှစ်ခြင်း

03-Mar-2020

လက်ထောက်အထွေထွေမန်နေဂျာ(စီမံ)များ လုပ်ငန်းခွင်အကြိုမွမ်းမံသင်တန်း ဖွင့်လှစ်ခြင်း

(၁၇-၂-၂၀၂၀) ရက်နေ့မှ (၁၀-၃-၂၀၂၀) ရက်နေ့ထိ

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဌာနကြီး(၁၁)ခုမှ လက်ထောက်ညွှန်ကြားရေးမှူး/ မန်နေဂျာ(စီမံ)များအနက်မှ (၃၁-၁-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်( ၆၆/၂၀၂၀ ) ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသော လက်ထောက်အထွေထွေမန်နေဂျာ(စီမံ) (၁၄)ဦးတို့အား စီမံခန့်ခွဲရေးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လက်ထောက်အထွေထွေမန်နေဂျာ(စီမံ)များ လုပ်ငန်းခွင် အကြိုမွမ်းမံသင်တန်းကို (၁၇.၂.၂၀၂၀) ရက်နေ့မှ (၁၀.၃.၂၀၂၀)ရက်နေ့ထိ ဖွင့်လှစ်လျှက်ရှိပါသည်။

၂။ အဆိုပါသင်တန်းအား (၁၇.၂.၂၀၂၀) ရက်နေ့မှ (၂၈.၂.၂၀၂၀) ရက်နေ့ထိကို ရုံးချုပ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများနှင့် ပတ်သက်သော (စီမံ၊ ဘဏ္ဍာ၊ ပစ္စည်း ၊ အင်ဂျင်နီယာ) လုပ်ငန်းဆိုင်ရာ တာဝန်များ၊ ရင်ဆိုင်ရမည့် အခက်အခဲ နှင့်အတွေ့အကြုံများအား သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လျှက်ရှိပါသည်။

၃။ ထို့အပြင် (၃.၃.၂၀၂၀)ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ (၄.၃.၂၀၂၀)ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ (၅.၃.၂၀၂၀)ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ (၆.၃.၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်များသို့ကွင်းဆင်း၍ မီတာဖတ်ရှုခြင်းနှင့် မြို့နယ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုများ လက်တွေ့ ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လက်ထောက်အထွေထွေမန်နေဂျာ(စီမံ)များ လုပ်ငန်းခွင်အကြိုမွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနား



Related News