ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် နှင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိဓာတ်အားခွဲရုံတည်ဆောက်နေမှုအခြေအနေတို့အား  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့်သတင်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် နှင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိဓာတ်အားခွဲရုံတည်ဆောက်နေမှုအခြေအနေတို့အား ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့်သတင်း

21-Oct-2019

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်လမ်း၊ ရှုပ်ထွေးဆားဗစ်များ ရှင်းလင်းခြင်း၊ 66/11-6.6 kV, 2x30 MVA တာမွေဈေး GIS ဓာတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေနှင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ 33/11 kV, 5 MVA ဓာတ်အားခွဲရုံတည်ဆောက်နေမှုအခြေအနေတို့အား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၈

    ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အနေနှင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ ဘေးကင်းလုံခြုံပြီး ဗို့အားပြည့်မီစွာမီးသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက် ဆုံးမှုများ လျော့ချနိုင်ရေး ရည်ရွယ်ချက်ဖြင့် အောက်တိုဘာလ (၁၈)ရက်နေ့ မနက်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်လမ်း၊ ရှုပ်ထွေးဆားဗစ်များ ရှင်းလင်း ခြင်းလုပ်ငန်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ ဦးယဉ်မိုးနှင့် ခရိုင်အင်ဂျင်နီယာ ဦးသန်းထွန်းအေး ဦးစီးပြီး မြို့နယ် (၁၀)မြို့နယ်မှ အင်အား(၁၂၀)ဦးတို့က နေအိမ်တိုက်ခန်းမှ ဆားဗစ်ကြိုးအဟောင်းများ ဖြုတ်ချခြင်း၊ ၎င်းနေရာ၌ 4Cx25mm2 Cable Wire များနှင့် အစားထိုးတပ်ဆင်ပေးခြင်း လုပ်ငန်းများအား ယင်းနေ့ နေ့လည် (၂:၀၀)အချိန်အထိ ဆောင်ရွက်ခဲ့ကြပြီး ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် ဒါရိုက်တာအဖွဲ့ ဝင်(၁) ဦးထွန်းထွန်းဆွေ၊ တာမွေမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းနှင့် ရပ်မိရပ်ဖတို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

    ယင်းသို့ ဆောင်ရွက်မှုကြောင့် မီးသုံးသူ ပြည်သူတို့အနေနှင့် လျှပ်စစ်ဓာတ်အားကို ပိုလုံခြုံပြည့်ဝစွာသုံးစွဲနိုင်တော့မှာဖြစ်ပြီး၊ မြို့တော်အင်္ဂါနှင့်အညီ လျှပ်စစ်ဝါယာဆားဗစ် ကြိုးများရှုပ်ထွေးအမြင်မသင့်တော်ခြင်းတို့မှ ရှင်းလင်းသပ်ရပ်စွာဓာတ်အားဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။     ဆက်လက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် အဖွဲ့ဝင်များသည် တာမွေဈေးအနီး အသစ်တည်ဆောက်လျက် ရှိသည့် 66/11-6.6 kV, 2x30 MVA တာမွေဈေး GIS ခွဲရုံအသစ်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးပါသည်။     အဆိုပါခွဲရုံသည် ၂၀၁၈-2019 ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ ပြီး ယခုအခါ လုပ်ငန်း၏ 90% ပြီးစီးနေပြီးဖြစ်ပြီး လာမည့် ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ခွဲရုံပြီးစီးပါက လူနေလူထပ်သိပ်သည်းလှသည့် တာမွေ မြိုန့ယ်အား 66kV GIS ခွဲရုံနှင့် ဗို့အားပိုမိုပြည့်ဝစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။

     ၎င်းနောက် မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်၊ ဒါရိုက်တာအဖွဲ့ဝင်(၂) ဦးရန်လင်းနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ 33/11kV, 5 MVA ကမာကလုတ်ဓာတ်အားခွဲရုံ အသစ်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။



Related News