ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း နှင့်ကော့မှူးမြို့နယ်များရှိ ဓာတ်အားခွဲရုံအသစ်များ တည်ဆောက်နေမှု အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့်သတင်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း နှင့်ကော့မှူးမြို့နယ်များရှိ ဓာတ်အားခွဲရုံအသစ်များ တည်ဆောက်နေမှု အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့်သတင်း

21-Oct-2019

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း နှင့်ကော့မှူးမြို့နယ်များရှိ ဓာတ်အားခွဲရုံအသစ်များ တည်ဆောက်နေမှု အခြေအနေ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည့်သတင်း

ရန်ကုန် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၀ ရက်

    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဉီးမောင်မောင်လတ်သည် အဖွဲ့ဝင်များဖြစ်သော အထွေထွေမန်နေဂျာ(အင်ဂျင်နီယာ)(ဓာတ်/ဖြန့်) ဉီးကျော်သူ၊ ဒုတိယအထွေထွေမန်နေဂျာ (အင်ဂျင်နီယာ)(မြို့ပြ) ဉီးအောင်စိုးမိုး၊ တောင်ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ ဉီးစံထွန်းအောင်နှင့် လျှပ်စစ်အင်ဂျင်နီယာ ဉီးဝဏ္ဏကျော်တို့ လိုက်ပါလျက် အောက်တိုဘာလ (၂၀)ရက်နေ့နံနက် (၀၈:၀၀)အချိန် ကော့မှူးမြို့နယ်သို့ ရောက်ရှိပြီး ဓာတ်အား ဖြန့်ဖြူးနေမှုအခြေအနေ ၊ 66/33 kV AIS ခွဲရုံ တည်ဆောက်မှု မြေနေရာ ဧက(၁၀၀) စီမံကိန်းရှိ 230/33 ခွဲရုံ လျာထားပေးမည့် မြေနေရာများအားကြည့်ရှုကာ (၀၉:၃၀)အချိန် ဝါးဘလောက်တောက် ကျေးရွာတွင် (၂၀၁၈/၂၀၁၉)ဘဏ္ဍာနှစ် တင်ဒါရ Khin Maung Nyunt Treading ကုမ္ပဏီက တည်ဆောက်လျက်ရှိသော 33/11kV , 5MVA ဝါးဘလောက်တောက်ဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပါသည်။
     ၎င်းနောက် ကွမ်းခြံကုန်းမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ရာ (၁၀:၃၀)အချိန် ပိုးလောင်း ကျေးရွာတွင် တင်ဒါရ I.C.E Co;Ltd က (၂၀၁၈/၂၀၁၉) ဘဏ္ဍာနှစ်တွင် အသစ်တည်ဆောက် လျက်ရှိသော 33/11kV , 5 MVA ဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေ အား စစ်ဆေးခဲ့ပြီး တာဝန်ရှိသူတို့အား သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေးနှင့် (၂၀၁၉) ခုနှစ် ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရေး အစွမ်း ကုန်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
     အဆိုပါ ဓာတ်အားခွဲရုံ(၂)ရုံတွင် (၉၀%) ပြီးစီးနေပြီဖြစ်ပြီး ၎င်းခွဲရုံများ ပြီးစီးပါက ကွမ်းခြံကုန်း နှင့် ကော့မှူးမြို့နယ်များရှိ (၂၀၁၈/၂၀၁၉) တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာမီးလင်းရေးလုပ်ငန်းများ၊ NEP စီမံချက်ဖြင့် ဆောင်ရွက်သည့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌ ဉီးမောင်မောင်လတ်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ဝါးဘလောက်တောက်ကျေးရွာတွင် အသစ်တည်ဆောက်လျက်ရှိသော 33/11 kV, 5 MVA ဝါးဘလောက်တောက်ဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့် ဓာတ်ပုံမှတ်တမ်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌ ဉီးမောင်မောင်လတ်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ဝါးဘလောက်တောက်ကျေးရွာတွင် အသစ်တည်ဆောက်လျက်ရှိသော 33/11 kV, 5 MVA ပိုးလောင်းဓာတ်အားခွဲရုံနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့် ဓာတ်ပုံမှတ်တမ်း




ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌ ဉီးမောင်မောင်လတ်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် 66/33 kV, AIS ဓာတ်အားခွဲရုံနှင့် 230/66/33 kV ပင်မဓာတ်အားခွဲရုံ အသစ်တည်ဆောက်ရန်လျာထားသော နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့် ဓာတ်ပုံမှတ်တမ်း





Related News