ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ (၈/၂၀၁၉) လအတွက် သတင်းစာရှင်းလင်းပွဲ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ (၈/၂၀၁၉) လအတွက် သတင်းစာရှင်းလင်းပွဲ

11-Sep-2019

သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ခြင်း

၂၀၁၉ ခုနှစ် ၊ စက်တင်ဘာ(၉)ရက်

၁။   ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ (၈/၂၀၁၉) လအတွက် သတင်းစာရှင်းလင်းပွဲ အား (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ(၉)ရက်၊ နေ့လည် (၀၂:၀၀)နာရီတွင် ရုံးချုပ်၊ မြေညီထပ်ခန်းမတွင် ကျင်းပပြုလုပ်ရာ အောက်ပါအချက်အလက်များအား ရှင်းလင်းခဲ့ပါသည် -

       ( က )     (၂၀၁၆)ခုနှစ်မှ ယနေ့ထိ မီးသုံးစွဲသူ ပြည်သူလူထုအား ဓာတ်အားအလုံအလောက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် တိုးချဲ့တည်ဆောက်ခဲ့သည့်                             ဓာတ်အားခွဲရုံများ/ ဓာတ်အားလိုင်းများ အခြေအနေ

       ( ခ )      (၂၀၁၈ - ၂၀၁၉)ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ မီးလင်းရေး ဆောင်ရွက်ခဲ့မှုအခြေအနေ

       ( ဂ )      ဓာတ်အားခနှုန်းထား(အလွှာလိုက်) ပြောင်းလဲကောက်ခံမှုအခြေအနေ

၂။  အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်များအား ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲအား ညနေ(၃)နာရီ (၃၀)မိနစ်တွင် ရုတ်သိမ်းခဲ့ပါသည်။


ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၈/၂၀၁၉)လအတွက် သတင်းစာရှင်းလင်းပွဲအား (၉.၉.၂၀၁၉)ရက်နေ့က ပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ





ဉက္ကဋ္ဌက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဆောင်ရွက်ချက်များအား ရှင်းလင်းချပြနေစဉ်


ဉက္ကဋ္ဌက မေးမြန်းသည်များကို ပြန်လည်ဖြေကြားနေစဉ်




Related News