ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (၇/၂၀၁၉)လအတွက် သတင်းစာရှင်းလင်းပွဲ

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (၇/၂၀၁၉)လအတွက် သတင်းစာရှင်းလင်းပွဲ

25-Jul-2019

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (၇/၂၀၁၉)လအတွက် သတင်းစာရှင်းလင်းပွဲ

ရန်ကုန် ဇူလိုင် ၂၅

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ဌာနများအလိုက် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လစဉ် လတစ်လ၏ နောက်ဆုံးပတ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လမ်းညွှန်မှုအပေါ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၇/၂၀၁၉)လအတွက် သတင်းစာရှင်းလင်းပွဲအား ဇူလိုင်လ ၂၅ ရက် နံနက်(၀၉:၀၀)အချိန်တွင် အဆိုပါရုံး မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌သတင်းမီဒီယာနှင့်အသံလွှင့် ဌာနတို့အား ဖိတ်ကြား၍ ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဉက္ကဋ္ဌ ဉီးမောင်မောင်လတ်က -

     ( က ) ကျေးရွာမီးလင်းရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ။

  ( ခ ) ရန်ကုန်မြို့အား မြို့တော်အင်္ဂါရပ်နှင့် လျော်ညီစွာ လမ်းမီးများ ထွန်းညှိခြင်းအား တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။

     ( ဂ ) Automatic Metering Infrastructure (AMI) စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး တွင် ဝန်ဆောင်မှုပေးဆောင်ရွက်သွားမည့် အခြေအနေ။

     ( ဃ ) ကိုကိုးကျွန်းမြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး(ဆိုလာ)စနစ်ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေမှု အခြေအနေ။

   ( င ) ပြည်သူတို့လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ အခက်အခဲရှိပါက Call Center Hot Line No; 1717 သို့ ခေါ်ဆိုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

    ၎င်းနောက် တက်ရောက်လာသော သတင်းမီဒီယာများ၏ သိရှိလိုသည်များကို မေးမြန်းရာ ဉက္ကဋ္ဌမှ ပြန်လည်ဖြေကြားခဲ့ပြီး( ၁၀:၃၀ )အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

    သတင်းစာရှင်းလင်းပွဲအပြီး သတင်းမီဒီယာများမှ သိရှိလိုသည့် ကိစ္စရပ်များအား သီးခြားမေးမြန်းသည့် ကိစ္စရပ်များအပေါ် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း၏ ခေတ္တအမှုဆောင်အရာရှိချုပ် ဉီးအောင်ကျော်ဉီးက ရှင်းလင်းဖြေကြားခဲ့ပါကြောင်း သိရှိရပါသည်။


ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ (၇/၂၀၁၉)လအတွက် သတင်းစာရှင်းလင်းပွဲအား(၂၅.၇.၂၀၁၉)ရက်နေ့က ပြုလုပ်ခဲ့သည့် မှတ်တမ်း

ဉက္ကဋ္ဌက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဆောင်ရွက်ချက်များအား ရှင်းလင်းချပြနေစဉ်

Midea များ၏ မေးမြန်းချက်များအား ဉက္ကဋ္ဌက ပြန်လည်ဖြေကြားနေစဉ်

Midea များမှ သိလိုသည့်အချက်များအား မေးမြန်းနေစဉ်

Midea များမှ သိလိုသည့်အချက်များအား မေးမြန်းနေစဉ်

ဒါရိုက်တာအဖွဲ့ဝင်(၄)က မေးမြန်းသည်များကို ပြန်လည်ဖြေကြားနေစဉ်

Midea များမှ သိလိုသည့်အချက်များအား မေးမြန်းနေစဉ်


Related News