တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း

15-Jul-2019

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း

            ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း( ရုံးချုပ် )နှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်နှင့် မြို့နယ်များမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ ကျောင်းသား/ကျောင်းသူ (၁၁)ဉီးနှင့် ရိုးရိုးအောင်မြင်သူ(၄၇)ဉီး၊ စုစုပေါင်း (၅၈)ဉီးတို့အား ဂုဏ်ပြုငွေ နှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒုတိယဥက္ကဋ္ဌ နှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဌာနကြီးမှူးများ၊ ကျောင်းသား/ သူများနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။

             ယင်းအခမ်းအနားတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဉက္ကဋ္ဌ ကိုယ်စား ဒုတိယဉက္ကဋ္ဌက ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ရိုးရိုး အောင်မြင်သူကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခဲ့ပါသည်။



Related News