ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပဉ္စမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပဉ္စမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

15-Jul-2019

ပဉ္စမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

            ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပဉ္စမအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား အား (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၅ ) ရက်နေ့တွင် ရုံးချုပ်မြေညီထပ်ခန်းမတွင် ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အလုံမြို့နယ်၊ အောင်မင်္ဂလာပါဠိတက္ကသိုလ် ကျောင်းတိုက် စာချမဟာနာယက တိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလနှင့် သံဃာတော်များအား ပင့်ဖိတ်၍ အရုဏ်ဆွမ်းများ ဆက်ကပ်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဌ၊ ဒုတိယဥက္ကဌ နှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ဝန်ထမ်းများ တက်ရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။



Related News