အများပြည်သူသို့ အသိပေးပန်ကြားခြင်း (8.4.2019)

08-Apr-2019

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် 66kV ၊33kV ဓာတ်အားခွဲရုံများ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော 11kV ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းစေရေးအတွက် မိုးကြိုကာလ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို (9.4.2019)ရက်နေ့ (အင်္ဂါနေ့)နှင့် (11.4.2019) ရက်နေ့ (ကြာသပေးနေ့)တို့တွင် (၉:၀၀)နာရီမှ (၁၂:၀၀)နာရီ အချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်စဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဇွန်တောင်၊ ဒဂုံဆိပ်ကမ်း ၊ ဒဂုံတောင် ၊ ဒဂုံမြောက် ၊ တောင်ဥက္ကလာပ ၊ သင်္ဃန်းကျွန်း ၊ ရန်ကင်း ၊ ဗိုလ်တထောင် ၊ လမ်းမတော် ၊ မရမ်းကုန်း ၊ အလုံ ၊ လှိုင် ၊ လသာ ၊ စမ်းချောင်း ၊သန်လျင်၊ ကျောက်တန်း ၊သုံးခွ ၊ ခရမ်း ၊ဒလ ၊ တံတား ၊ကော့မှူး ၊ ကွမ်းခြံကုန်း ၊ ဆိပ်ကြီးခနောင်တို ၊ တွံတေး ၊ အင်းစိန် ၊ မင်္ဂလာဒုံ ၊ လှိုင်သာယာ ၊မှော်ဘီ ၊ တိုက်ကြီး ၊ ဥက္ကံ ၊ မြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် အဆိုပါ ရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်ပါသည်။

၂။ ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ် ပေါက်လာနိုင်မှုများအပေါ် နားလည်ခွင့်လွတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။