စုံစမ်းစစ်ဆေးမှုများ |
|||||
၁၀၀။ |
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဥပဒေ၊ အမိန့်၊ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်တို့ကို ခွင့်ပြုမိန့်ရရှိသူတစ်ဦးဦးက ဖောက်ဖျက်ကြောင်း မိမိထံ စာဖြင့်တိုင်ကြားလာခြင်းကြောင့်ဖြစ်စေ၊ မိမိ ကိုယ်တိုင်သံသယရှိခြင်းကြောင့်ဖြစ်စေ လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် သင့်လျော်သော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို တာဝန်ပေးနိုင်သည်။ |
||||
စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ |
|||||
၁၀၁။ |
|||||
|
(က) |
ခွင့်ပြုမိန့်ရရှိသူတစ်ဦးဦးအား စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူခြင်း ပြုရန် အကြောင်းပေါ်ပေါက်လာပါက အရေးယူခြင်းမပြုမီ ယင်းအရေးယူမှုသည် မည်သည့်အတွက်ကြောင့် လျော်ကန်မှုမရှိကြောင်းကို သတ်မှတ်ကာလ အတွင်း ဖြေရှင်းချက်ပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ရရှိသူထံ စာဖြင့် အကြောင်းကြားရမည်။ |
|||
|
(ခ) |
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ စည်းမျဉ်းများ ထုတ်ပြန်ရမည်။ ယင်း စည်းမျဉ်းများတွင် အောက်ပါအချက်များ ပါဝင်ရမည်- |
|||
|
|
(၁) |
စည်းကမ်းဖောက်ဖျက်ခြင်းအတွက် ဖြေရှင်းချက်ပေးရန် အခွင့်အရေး ပေးခြင်း။ |
||
|
|
(၂) |
ဖြေရှင်းချက်သည် ခိုင်လုံပြည့်စုံမှုမရှိပါက စည်းကမ်းဖောက်ဖျက်ခြင်းကို ပြန်လည်ကုစားရန်အတွက် သင့်တော်သည့် အချိန်အတိုင်းအတာ တစ်ရပ်ပေး ခြင်း။ |
||
|
|
(၃) |
သင့်တော်သည့် အချိန်အတိုင်းအတာအတွင်း ပြန်လည်ကုစားနိုင်ခြင်းမရှိပါက အရေးယူရမည့် လုပ်ထုံးလုပ်နည်းများနှင့် ချမှတ်နိုင်သည့် ဒဏ်ကြေးငွေပမာဏ။ |
||
အရေးယူမှုများ |
|||||
၁၀၂။ |
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သတ်မှတ်စည်းကမ်းချက်တို့ကို ဖောက်ဖျက်ကြောင်း တွေ့ရှိရသည့် သက်ဆိုင်ရာ ခွင့်ပြုမိန့်ရရှိသူကို အောက်ပါအရေးယူမှု တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ အရေးယူ ဆောင်ရွက်နိုင်သည်- |
||||
|
(က) |
စည်းကမ်းဖောက်ဖျက်မှု ထပ်မံကျူးလွန်ခြင်း မပြုနိုင်ရန်အတွက် ဘဏ္ဍာရေး အာမခံထားရှိရန် သတ်မှတ်ခြင်း။ |
|||
|
(ခ) |
ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်များချမှတ်ခြင်း။ |
|||
|
(ဂ) |
ခွင့်ပြုမိန့်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း။ |
|||
|
(ဃ) |
တရားမကြောင်းအရဖြစ်စေ ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း သို့မဟုတ် တရားစွဲဆိုရန် လွှဲပြောင်းပေးခြင်း။ |