(230)kV ဒဂုံ(အရှေ့) ပင်မဓာတ်အားခွဲရုံတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည့် ကိစ္စအား အသိပေးအကြောင်းကြားခြင်း

21-Jun-2019

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီးသုံးသူပြည်သူများ ဓာတ်အားပြည့်ဝစွာ ရရှိစေရေး၊ ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရေးတို့ အတွက် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒဂုံ(အရှေ့) ပင်မဓာတ်အားခွဲရုံရှိ GIS နှင့် ( 66 ) kV GIS Assembly များ Gas Leakage ဖြစ်ပေါ်နေမှုများကြောင့် (၂၁.၂.၂၀၁၉) ရက်နေ့ (ကြာသပတေးနေ့)မှ (၂၃.၂.၂၀၁၉) ရက်နေ့ (စနေနေ့)အထိ (230) kV ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားပြတ်တောက်မည့်(66)kV ကုန်ပဒေသာခွဲရုံနှင့် ဘေလီခွဲရုံတို့အား (66)kV သာကေတ-စိန်ပန်းမြိုင် (1) (2) ဓာတ်အားလိုင်းများမှ လှည့်၍ ဓာတ်အားပေးသွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း ဓာတ်အားပြတ်တောက်မည့် ဧရိယာ မရှိပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။