Online မှတဆင့် မီတာ/ထရန်စဖော်မာများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အသိပေးကြော်ငြာခြင်း

26-Mar-2019

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ မီတာ/ထရန်စဖော်မာ တပ်ဆင်ခွင့် လျှောက်ထားလိုသူများ အနေဖြင့် ယခင်က သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ လူကိုယ်တိုင်သွားရောက် လျှောက်ထားနေရသော်လည်း ယခုအခါ Onlineမှ အလွယ်တကူ လျှောက်ထားနိုင်ပြီဖြစ်ပါသည်

မီတာ/ထရန်စဖော်မာ လျှောက်ထားလိုသူများ အနေဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ Website ဖြစ်သော https://yesc.org.mm/meter/dashboard သို့ ဦးစွာဝင်ရောက်၍ register ပြုလုပ်ရမည်ဖြစ်ပြီး ထိုမှတဆင့် အိမ်သုံး၊ လုပ်ငန်းသုံး မီတာ/ထရန်စဖော်မာများကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများသို့ လာရောက်ရန်မလိုဘဲ အဆိုပါ Website မှတဆင့် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

သတ်မှတ်ချက်များနှင့်ကိုက်ညီသော Online လျှောက်လွှာများကို ဌာနမှ စိစစ်အတည်ပြုပြီးပါက သတ်မှတ်ထားသော နှုန်းထားများအတိုင်း ကျသင့်ငွေ ပေးသွင်းရန် အတွက် လျှောက်ထားသူ၏ E-mail သို့ အကြောင်းပြန်ပေးမည်ဖြစ်ပြီး ငွေပေးသွင်းရန် မြို့နယ်ရုံးသို့ (၁) ကြိမ်သာ လာရောက်ရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဓာတ်အားသုံးစွဲသူများ လိုအပ်သော မီတာ/ထရန်စဖော်မာများအား Online မှလွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း အသိပေး ကြော်ငြာအပ်ပါသည်။

 ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း