Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်နိုင်ရန်အတွက် ဓါတ်အားသုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်ဓါတ်အားခပေးဆောင်မှုများကို အောက်ဖော်ပြပါ ဘဏ်များ ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဖြင့် Online မှတစ်ဆင့် ပေးဆောင်နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်-
Read Moreအများသိစေရန်ကြေညာချက်
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့်ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ ပူးပေါင်း၍(၂၀၀)ကေဗွီအေနှင့်အောက် ထရန်စဖော်မာများ ချိတ်ဆက်ရာတွင် တည်ဆောက် တပ်ဆင်ပြီး ထရန်စဖော်မာ၊ ဓာတ်အားလိုင်းနှင့် ပါဝါမီတာသွယ်တန်းမှုများကို စစ်ဆေးရန်အသင့်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ YESC မှအကြောင်းကြားသည့်နေ့မှ (၃)ရက် အတွင်း အဆိုပါပူးပေါင်းစစ်ဆေးမှုလုပ်ငန်းစဉ်ကို ၂၀၂၀ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စတင်ပြီးမပျက်မကွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအများသိစေရန်ထပ်မံအသိပေးအပ်ပါသည်။
Read More၂၀၁၉ ခုနှစ် ၊ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍ ပြင်ဆင်သတ်မှတ်သည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အရ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေကို အလိုအလျောက် တွက်ချက်နိုင်မည့် Automatic Calculation အား အောက်ဖော်ပြပါ Link တွင် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ သိရှိလေ့လာနိုင်စေရန်အတွက် တင်ပြအပ်ပါသည်။
Read Moreရန်ကုန်တိုင်းဒေသကြီး၏ ခရိုင်နှင့် မြို့နယ်များတွင် (၂၂.၆.၂၀၁၉)ရက်နေ့မှစ၍ အလှည့်ကျ ဝန်အားလျှော့ချခြင်းများ ဆောင်ရွက်မှု မပြုတော့ဘဲ၊ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်များအတွင်း မဖြစ်မနေ ထိန်းသိမ်းပြုပြင်ရမည့် အရေးပေါ်အခြေအနေမျိုး၌သာ ဓာတ်အားပိတ်ချိန် အနည်းဆုံးဖြင့် ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
Read More66kV သီတာဓာတ်အားခွဲရုံ Switch Yard အတွင်း 66/6.6 kV, 20 MVA Transformer ဆီယိုစိမ့်မှုကိုအရေးပေါ် ပြုပြင်ခြင်းလုပ်ငန်းအား ၉.၄.၂၀၁၉ ရက်နေ့ အင်္ဂါနေ့ ၁၀:၀၀နာရီ မှ ၁၃:၀၀နာရီ အချိန်အထိ အဆိုပါ Transformer ကို ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Read More